Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လမ်းမီးတိုင်မှ လျှပ်စစ်မီးကြိုးများ ဖြတ်တောက် ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လမ်းမီးတိုင်မှ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီတွင် လယ်ဝေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်အရောက် သုခုမလမ်းလယ်ကျွန်းတွင်ရှိသော လမ်းမီးတိုင်၏ အောက်ခြေပေါက်မှ လျှပ်စစ်မီးကြိုးများအား ကတ်တာဖြင့် ဖြတ်တောက်ခိုးယူနေသည့် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာနေ ရဲမင်းနိုင်(၃၈)နှစ်အား အရှည် ၉ လက်မရှိ လျှပ်စစ်ကြေးကြိုး ရှစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၈/ ၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လမ်းမီးတိုင်မှ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။