၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာတောင်ဘက် ၃ မိုင်ခန့်အကွာရှိ အမြင့်သုံးပေခန့် ဘိန်းခင်း ငါးဧကခန့်နှင့် ပန်မတ်ကျေးရွာတောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲခန့် ဘိန်းခင်း ငါးဧကခန့်တို့အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။