Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများ ဖျက်ဆီး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာအုပ်စု၊ နားဖီးဒေကျေးရွာတောင်ဘက် ၂ မိုင် ၂ ဖာလုံခန့်အကွာရှိ အမြင့် နှစ်ပေခန့် ဘိန်းခင်း လေးဧကခန့်အားလည်းကောင်း၊ ဝမ်ကြုံးကျေးရွာအရှေ့ဘက်ရှိ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ငါးဧကခန့်အားလည်းကောင်း စုစုပေါင်းဘိန်းခင်း ကိုးဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။