၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေပြည်ရတနာခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြို့နယ်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်းအင်အား ၁၀၁ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ၂၀,၀၀ဝ ကျပ်နှုန်းဖြင့် လူဦးရေ ၉၁ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ၁,၈၂၀,၀၀ဝ ကျပ် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။