၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပန်မဲ့စေ့ကျေးရွာအရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ငါးဧကခန့်နှင့် ကျောက်တန်းကျေးရွာအနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း သုံးဧကခန့်၊ စုစုပေါင်းဘိန်းခင်း ရှစ်ဧကခန့်တို့အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။