၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ဝမ်ဟတ်ကျေးရွာအုပ်စု၊ မကျိုင်းမွန်းကျေးရွာ၊ မကျိုင်းမွန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(လှုပ်ရှားစိုးမိုးရေး/ မြို့ပေါ်လုံခြုံရေး) တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင် ၁၀၀ ဦး တို့အား တွေ့ဆုံခဲ့ပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဗဟိုအဖွဲ့၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နေမှုနှင့် တပ်ဖွဲ့ဝင်များ စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။