Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

     စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် တကောင်းရပ်ကွက်ရှိ ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွင် အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-ရွှေဘို-မုံရွာကားလမ်းအတိုင်း အနောက်မှအရှေ့သို့ ချမ်းအေးသာစံမြို့နယ်နေ မျိုးမင်းဦး(၃၆)နှစ် မောင်းနှင်လာသည့် MDY-17 4H/XXXX HONDA INSIGHT အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မျိုးမင်းဦးအား စစ်ကိုင်းမြို့မရဲစခန်း (ပ)၇၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း။
     အလားတူ ည ၈ နာရီ ၃၅ မိနစ်တွင် သာဝတ္ထိမြို့၊ ရန်ကုန်-မန္တလေးကားလမ်း၊ တောင်စဉ်အေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရေနီမြို့ဘက်မှ သာဝတ္ထိမြို့ဘက်သို့ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာနေ နိုင်လင်းထက်(၂၂)နှစ်မောင်းနှင်ပြီး ပျော်ဘွယ်မြို့နယ်၊ ကျီးကျေးရွာနေ ကျော်လင်းဦး(၃၂)နှစ်လိုက်ပါလာသည့် NPW-8 5P/XXXX TOYOTA WISH မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် နိုင်လင်းထက်နှင့် ကျော်လင်းဦးတို့ နှစ်ဦးအား သာဝတ္ထိ နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ သာဝတ္ထိမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။