Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီး အရေးယူ

     ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက် ညနေ ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးသွားကားလမ်း DENKO ဆီဆိုင်အနီးအရောက်၌ အိုးတော်ရပ်ကွက်နေ မောင်ငယ်(ခ)ဒေးလစ်(ခ)ဖြူဖွေး(၄၀)နှစ်အား အရိုး/အသွား ၁၇ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်ငယ်(ခ)ဒေးလစ်(ခ)ဖြူဖွေးအား အမရပူရမြို့မရဲစခန်း (ပ)၃၅/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။