Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဇေယျာအောင်မြင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မတ် ၃ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဇေယျာအောင်မြင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား ၂၇၀ ဦးတို့နှင့်အတူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။