၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက် ညနေ ၆ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်စင်အေးကျေးရွာရှိ “ဟိန်းထက်လျှံ” ဆိုင်ကယ်ရေဆေးဆီလိုက်ဆိုင်ရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်စင်အေးကျေးရွာလမ်းအတိုင်း ရန်ကုန်-မန္တလေးလမ်းဟောင်းမှ Max ဘိလပ်မြေစက်ရုံသို့ ပျဉ်းမနားမြို့နယ်၊ အလျင်လိုကျေးရွာနေ ကျော်ဇင်သန့်(၃၀)နှစ်သည် 5Q/XXXX Chenglong Dump Truck ယာဉ်အား မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ရပ်ထားသည့် ဘောဂသီရိကားဝင်းနေ ဦးကျော်ဇင်သက်(၅၃)နှစ် မောင်းနှင်ပြီး ရေနီလေးကျေးရွာနေ မကေခိုင်စိုး(၂၂)နှစ် လိုက်ပါလာသည့် 9K/XXXX Hyundai Porter II ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးကျော်ဇင်သက်နှင့် မကေခိုင်စိုးတို့ နှစ်ဦးတွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ကျော်ဇင်သန့်အား သာဝတ္ထိနယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။