၂၀၂၅ ခုနှစ်၊ မတ် ၃ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသည့် နွားလှည်းအား ခရီးသည်တင်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂ ရက် ည ၁၂ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၉၈ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ နေပြည်တော်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာနေ အောင်ဇော်ဦး(၄၉)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ၃၀ ဦး လိုက်ပါလာသည့် YGN 4Q/XXXX YOTONG ခရီးသည်တင်ယာဉ်သည် အနှေးယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အမြန်လမ်းမကြီးအား ဖြတ်ကူးမောင်းနှင်သည့် နွားလှည်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် နွားလှည်းမောင်းနှင်သူ ပဲခူးတိုင်းဒေသကြီး၊ ကညွှတ်ကွင်းမြို့နယ်၊ ချောင်းနားကျေးရွာနေ ဦးချို(၅၄)နှစ်တွင် ဒဏ်ရာများရရှိခဲ့ပြီး နွားနှစ်ကောင် သေဆုံးသွားခဲ့သဖြင့် ဦးချိုအား မြို့ချောင်းအမြန်လမ်းမကြီးရဲကင်းစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ ဖြင့်လည်းကောင်း၊ အမြန်လမ်းမကြီးဥပဒေ ပုဒ်မ ၁၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသည့် နွားလှည်းအား ခရီးသည်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။