Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မတ် ၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၃ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တံတားဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘူတာရပ်ရှိ ရထားဘူတာအနီး လမ်းမပေါ်၌ အဆိုပါရပ်ကွက်နေ အောင်ရာဇာ(ခ)အဖိုးကြီး(၂၈)နှစ်အား အရက်သေစာသောက်စားမူးယစ်ပြီး အရိုး/အသွား ၁၄ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ရာဇာ(ခ)အဖိုးကြီးအား တံတားဦးမြို့မရဲစခန်း (ပ)၁၆/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။