Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

       ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ကမ်းနားလမ်းနှင့် အောင်ဇေယျလမ်းထောင့်၌ မသင်္ကာဖွယ်တွေ့ရှိသူ အိုက်လျှဲန်းအား စစ်ဆေးရှာဖွေရာ ၎င်းကိုင်ထားသည့် ပလတ်စတစ်အိတ်အတွင်းမှ ဘိန်းဖြူဘလောက်တုံး ၃ ဒသမ ၄ ကီလို(တစ်ကီလိုလျှင် သိန်း ၁၅၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၅၁၀)နှင့် စိတ်ပြောင်းဆေးဝါး အက်တက်စီ ဆေးပြား ၄၈၀ ပြား(တစ်ပြားလျှင် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၉၂ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ မတ် ၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နမ့်ဖူးကျေးရွာရှိ ကျမူး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၆၀၀ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၈ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် အိုက်လျှဲန်း(၂၄)နှစ်နှင့် ကျမူး(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
    အလားတူ မတ် ၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် နေလင်းအောင်(ခ)အိုင် မောင်းနှင်ပြီး မျိုးမင်းထက်(ခ)ငိန်းချယ်လယ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၆၀) သိမ်းဆည်းရမိခဲ့သဖြင့် နေလင်းအောင်(ခ)အိုင်(၂၁)နှစ်နှင့် မျိုးမင်းထက်(ခ)ငိန်းချယ်လယ်(၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။