၂၀၂၅ ခုနှစ်၊ မတ် ၅ ရက် နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဈေးများဌာနမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြည်သူများသက်သာချောင်ချိရေးအတွက် တာမွေကြီး(က၊ ဂ)ရပ်ကွက်၊ ကျိုက္ကဆံလမ်းမကြီးနှင့် ၁၅၄ လမ်း၊ တာမွေယာယီဈေး၌ MRC ကုမ္ပဏီ ကြက်ဥဒိုင်မှ ကြက်ဥတစ်လုံးလျှင် ၃၆၅ ကျပ်နှုန်းဖြင့် ရောင်းချနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။