၂၀၂၅ ခုနှစ်၊ မတ် ၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မန္တလေးဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ရွှေကူမြို့၊ ဘောဂဗလ ရပ်ကွက်နေ ရွှေဂဲ(၄၇)နှစ် မောင်းနှင်လာသည့် MDY-14 1H/xxxx Honda Airwave မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ရွှေဂဲအား စစ်ကိုင်းမြို့မရဲစခန်း (ပ)၉၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။