၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်း မြို့နယ်၊ သဲတော(၁)ရပ်ကွက်၊ “မြတ်ဘုန်းရှင်” ကျောင်းတိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းသည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ ခုနှစ်၊ အစိုးရပထမပြန်စာမေးပွဲနှင့် မြို့နယ်ပထမပြန် စာမေးပွဲအောင်မြင်သော စာအောင်သံဃာတော်များအား ဂုဏ်ပြုလှူဒါန်းနိုင်ရန်အတွက် အလှူငွေ ၂,၀၀၀,၀၀ဝ ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။