Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွှေပင့်ကူလမ်းသွယ်ရှိ နေအိမ် မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွှေပင့်ကူလမ်းသွယ်ရှိ ပိုင်ရှင် ဦးမြင့်စိုး၏ ၁၂ x ၂၄ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် အလှမီးဆိုင်းဖြင့် ဘုရားမီးပူဇော်ထားရာမှ အပူလွန်ကဲပြီး မီးပွားထွက်၍  အောက်ရှိစာအုပ်နှင့်အဝတ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမြင့်စိုးအား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။