Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ အမှတ် (၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ ရိုးဂိုး ကျေးရွာ၊ ရိုးဂိုးစည်ပင်ဂိတ်အနီးတွင် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မော်လမြိုင်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ အေးသာယာရပ်ကွက်နေ တင်မောင်ဌေး(၄၂)နှစ် မောင်းနှင်လာသည့် MDY-16 9N/XXXX TOYOTA VIOS အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် တင်မောင်ဌေးအား မုပွန်နယ်မြေရဲစခန်း (ပ)၄၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
     အလားတူ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြို့မ (၁) ရပ်ကွက်နေ ဝင်းချို(၆၅)နှစ်၏နေအိမ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ်ခြံဝန်းအတွင်းမှ YGN-11 5K/XXXX Honda Fit အမျိုးအစား မော်တော်ယာဉ်အား တွေ့ရှိရပြီး ယာဉ်နှင့်ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဝင်းချိုအား မုဒုံမြို့မရဲစခန်း (ပ)၂၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမှု မှတ်တမ်းဓာတ်ပုံ။