Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာရှိ “မြန်မာ့ရွှေကြယ်” ဆောက်လုပ်ရေးကုမ္ပဏီဝင်းအတွင်း အဆောက်အအုံ မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၈ နာရီ ၂၈ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာတွင် “မြန်မာ့ရွှေကြယ်” ဆောက်လုပ်ရေးကုမ္ပဏီဝင်းအတွင်းရှိ ၂၀ x ၂၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ မြေစိုက် ပစ္စည်းဟောင်းများထားသည့် စတိုခန်းအတွင်းတွင် ဘက်ထရီအိုးဟောင်းများနှင့် သံထည်ပစ္စည်းများ ရောနှောစုပုံထားရာမှ ဘက်ထရီအိုးဟောင်းပေါ်သို့ သံထည်ပစ္စည်းပြုတ်ကျ၍ ဘက်ထရီအပ်ဝင်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ  မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၂၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ မြေစိုက် စတိုခန်း အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် “မြန်မာ့ရွှေကြယ်” ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ခံ ဦးဝေဖြိုးအား ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။