Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် (၂၃)လမ်းထောင့်၊ လမ်းဘေးတွင်ရပ်ထားသော မော်တော်ယာဉ် သုံးစီး မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၁ နာရီ ၃၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် (၂၃)လမ်းထောင့်၊ လမ်းဘေးတွင်ရပ်ထားသော 2C-XXXX SUZUKI CARRY ယာဉ်အတွင်းတွင် ဂက်(စ်)မီးခြစ်ကျန်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဆိုဖာထိုင်ခုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လသာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် မော်တော်ယာဉ် သုံးစီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးတင်ဌေးအား လသာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။