၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ရွှေ/သတ္တုများ တရားမဝင် တူးဖော်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာဟောင်းမြောက်ဘက်ရှိ ချောင်းကမ်းစပ်၌ ရွှေ/သတ္တုများ တရားမဝင် တူးဖော်နေကြောင်း သတင်းအရ ဆွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ကျွန်းတောစုကျေးရွာနေ မျိုးမြင့်သန်း(၄၉)နှစ်နှင့် တစ်ရွာတည်းနေ သိန်းမင်းစိုး(၂၈)နှစ်တို့ နှစ်ဦးအား ရွှေ/သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် အင်ဂျင်စက် တစ်လုံး၊ ရေစုပ်ပန့် တစ်ခု၊ ကော်ပိုက် တစ်ချောင်း၊ နိုင်လွန်အခင်း တစ်ခုတို့နှင့်အတူ ရွှေ/သတ္တုများ တရားမဝင် တူးဖော်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့ နှစ်ဦးအား ဆွာနယ်မြေရဲစခန်း (ပ)၁၁/၂၀၂၅၊ မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀(ခ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ရွှေ/သတ္တုများ တရားမဝင်တူးဖော်သူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။