Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်လူဦးရေ စိစစ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းစဉ်များရှင်းလင်းခြင်း အခမ်းအနားကျင်းပ

     ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ၊ မြေပြင်တစ်အိမ်တက်/ တစ်အိမ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။