Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာစည်ကျေးရွာရှိ နေအိမ်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာစည်ကျေးရွာရှိ ပိုင်ရှင် ဒေါ်သီတာဦး၏ ၂၄ x ၂၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ်တွင် ဂက်(စ်)မီးဖိုဖြင့် ဟင်းချက်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းနှင့် မြင်းခြံမြို့နယ်ရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၇ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် ကိုးလုံးနှင့် ဆေးပေးခန်း အဆောက်အအုံ တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်သီတာဦးအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။