Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ကြက်သား၊ ကြက်ဥ၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး/ ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

     ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ကြက်သား၊ ကြက်ဥ၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။