Language: Myanmar English

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ၄၅ ကုန်း၊ မိုးသောက်ကုန်းမိဘမဲ့ဂေဟာ၌ ကလေးငယ်များအား နေ့လည်စာကျွေးမွေးခြင်းနှင့် ဂေဟာအတွက်လိုအပ်သည်များ သွားရောက်လှူဒါန်း

     ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မူဆယ်မြို့၊ ၄၅ ကုန်း၊ မိုးသောက်ကုန်း မိဘမဲ့ဂေဟာ၌ ကလေး ငယ်များအား နေ့လည်စာကျွေးမွေးခြင်းနှင့် ဂေဟာအတွက်လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် အာလူးစသည့်အခြေခံပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။