Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၌ လျှပ်စစ်မီးကြိုးခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထား

      ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ လျှပ်စစ်မီးကြိုးခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက် နံနက် ၁၁ နာရီ ၅ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းဘူတာဝင်းအတွင်း အမှတ်(၁၃) ရထားရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ် သံလမ်းအမှတ်(၁၇)အရောက်၌ ရပ်တန့်ထားသော လူစီးရထားတွဲပေါ်မှ မီးကြိုးများအား သိမ်ဖြူရထားရပ်ကွက်နေ စိန်ဦးသွင်(၂၂)နှစ်မှ ဖြတ်တောက်ခိုးယူနေသည်ကို တွေ့ရှိဖမ်းဆီးရမိသဖြင့် စိန်ဦးသွင် အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၁၈၉/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၌ လျှပ်စစ်မီးကြိုးခိုးယူသူ အမျိုးသား တစ်ဦးနှင့် သက်သေခံပစ္စည်းများ မှတ်တမ်းဓာတ်ပုံ။