Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၉/၀)နှင့် (၆၉/၁)ကြားတွင် တောမီးလောင်ကျွမ်းမှု

     ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်  မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က  နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ စံပယ်လမ်းဘေးတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းနှင့် ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၄ နာရီ ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း။
     အလားတူ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်က  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၉/၀)နှင့်(၆၉/၁)ကြားတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် အသီးသီးမီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ စံပယ်လမ်းဘေးတွင် တောမီးလောင်ကျွမ်းမှု မှတ်တမ်းဓာတ်ပုံ။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၉/၀)နှင့် (၆၉/၁)ကြားတွင် တောမီးလောင်ကျွမ်းမှု မှတ်တမ်းဓာတ်ပုံ။