Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၄/၆)ဖာလုံကြားတွင် ခရီးသည်တင်ယာဉ် တစ်စီး မီးလောင်မှု

       ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် မွန်းလွဲ ၄ နာရီ ၅၀ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၄/၆)ဖာလုံကြားတွင် ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း မင်းကိုကိုအောင်မောင်းနှင်လာသော ယာဉ်အမှတ် MDY-12၊ 6K/XXXX ယာဉ် အမျိုးအစား SCANIA Express မြတ်မန္တလာထွန်း ခရီးသည်တင်(အဖြူရောင်)ယာဉ်သည် အင်ဂျင်ခန်း အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်း၊ ပလွေးအမြန်လမ်းမီးသတ်စခန်းနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံးတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ သူနာတင်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၅ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ခရီးသည်တင်ယာဉ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း မင်းကိုကိုအောင်အား ပန်းတင်အမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။