Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ (ခ-ကွင်း၊ ၂) လမ်းရှိ နေအိမ်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ (ခ-ကွင်း၊ ၂) လမ်းရှိ ပိုင်ရှင် ဒေါ်ထွေးရီ၏ ၁၂x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်များမှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပခုက္ကူခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၄ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၁၂x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ နေအိမ် ၈ လုံး၊ ၁၅x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ နေအိမ် ၂ လုံး၊ စုစုပေါင်း နေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ထွေးရီအား ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။