Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဓာတ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဓာတ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မတ် ၁၅ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ (၁၅)ရပ်ကွက် ဘုရားလမ်းအနီး၌ ဓာတ်ဆီများ တရားမဝင် သယ်ယူရောင်းချနေကြောင်း သတင်းအရ တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘုရားလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ တောင်ငူမြို့၊ (၂၀)ရပ်ကွက်နေ ကျော်ဇင်ဦး(၃၅)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ်တွင် ဓာတ်ဆီ လေးဂါလန်ဆံ့ ကော်ပုံး သုံးပုံး၊ ပေါင်း ၁၂ ဂါလန်၊ တစ်ဂါလန်လျှင် ၁၂,၆၀၀ ကျပ်နှုန်းဖြင့် ၁၅၁,၂၀၀ ကျပ်ခန့်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဇင်ဦးအား တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၆၀/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဓာတ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။