၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက် ညနေ ၅ နာရီ ၅၆ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးဘေးတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥတ္တရသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၂၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။