Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်က နံနက် ၉ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းသို့ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်နေ နေကြာမင်း(၄၁)နှစ် မောင်းနှင်လာသည့် MDY-17/4J-XXXX NISSAN WINGROAD မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် နေကြာမင်းအား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၁၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 
     အလားတူ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကန်ပြားကျေးရွာရှိ မကွေးအဝင်(မြောက်ဂိတ်)တွင် မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကန်ပြားကျေးရွာမှ မကွေးသို့ ရန်အောင်ရပ်ကွက်နေ ကျော်မင်းထိုက်(၂၈)နှစ် မောင်းနှင်လာသည့် YGN-19/7Q-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်မင်းထိုက်အား မကွေးနယ်မြေရဲစခန်း (ပ)၄၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ 
လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။