Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ကျင်းပ

    ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါအခမ်းအနားတွင် နေရပ်စွန့်ခွာပြည်သူများအား နှစ်လစာ တစ်ဦးလျှင် ၄၀,၀၀ဝ ကျပ်ဖြင့် ၄၄ ဦးအား စုစုပေါင်းငွေ ၁,၇၆ဝ,ဝဝဝ ကျပ် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
   

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။