၂၀၂၅ ခုနှစ်၊ မေ ၇ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လက်ကိုင်ဖုန်းများခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၇ ရက် ညနေ ၅ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် အမှတ်(၄)ရပ်ကွက်အရောက်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာနေ ဇင်မင်း (ခ)အာကာ(၃၁)နှစ်အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးရာ ၎င်းထံမှ လက်ကိုင်ဖုန်း နှစ်လုံးအား တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ အဆိုပါလက်ကိုင်ဖုန်းများအား ပိုင်ဆိုင်ကြောင်း ပြောဆိုနိုင်ခြင်းမရှိဘဲ အဆောက်အအုံတစ်ခုခုအတွင်းမှ ခိုးယူလာခြင်းဖြစ်ကြောင်း မသင်္ကာသဖြင့် ဇင်မင်း(ခ)အာကာ အား ဘားအံမြို့မရဲစခန်း (ပ)၆၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လက်ကိုင်ဖုန်းများခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။