Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မော်တော်ယာဉ် နှစ်စီး တိုက်မိ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိ

      ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မော်တော်ယာဉ် နှစ်စီး တိုက်မိ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၆ ရက် ည ၉ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း အနောက်မှ အရှေ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဇင်ကိုဦး(၃၀)နှစ် မောင်းနှင်လာသော YGN-27/3P-XXXX HYUNDAI  YBS ခရီးသည်တင် မော်တော်ယာဉ်သည် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံအရောက်တွင် မီးပွိုင့်မီးနီအား ဖြတ်သန်းမောင်းနှင်စဉ် မြောက်မှ တောင်သို့ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ရန်မျိုးကျော်(၃၂)နှစ် မောင်းနှင်လာသော YGN-21/EE-XXXX FIELDER အငှားမော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ရန်မျိုးကျော်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဇင်ကိုဦးအား ကျောက်တံတားမြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မော်တော်ယာဉ် နှစ်စီး တိုက်မိ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။