၂၀၂၅ ခုနှစ်၊ မေ ၇ ရက်က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၁၂ ဘီးမော်တော်ယာဉ်နှင့် သုံးဘီးဆိုင်ကယ်တို့ တိုက်မိ၍ တစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၆ ရက် ည ၁၂ နာရီ ၄ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ်ကားလမ်း မိုင်တိုင်အမှတ် ၅၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား လေးအိမ်အရှေ့ ကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး မီးလောင်နေကြောင်း သတင်းအရ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၆ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ နတ်မောက်-ပျော်ဘွယ် ကားလမ်းအတိုင်း နတ်မောက်မြို့မှ ပျော်ဘွယ်မြို့သို့ မကွေးမြို့၊ ကန်သာရပ်ကွက်နေ ဦးမြင့်မောင် (၆၈)နှစ် မောင်းနှင်ပြီး မကွေးမြို့၊ အောင်ရတနာရပ်ကွက်နေ ဇင်ကိုမြင့်(၃၁)နှစ် လိုက်ပါလာသည့် MGY-12/7J-XXXX FUSO ၁၂ ဘီး အပြာရောင်မော်တော်ယာဉ်အား ပျော်ဘွယ်မြို့မှ နတ်မောက်မြို့သို့ လေးအိမ်အရှေ့ကျေးရွာနေ ငြိမ်းအောင်(၄၂)နှစ် မောင်းနှင်လာသည့် MGY/17U-XXXX သုံးဘီးဆိုင်ကယ်သည် တစ်ဖက်ယာဉ်ကြောမှ မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိခဲ့သဖြင့် သုံးဘီးဆိုင်ကယ်နှင့် ၁၂ ဘီး မော်တော်ယာဉ်တို့ မီးလောင်ခဲ့ပြီး ငြိမ်းအောင်မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးမြင့်မောင်နှင့် ဇင်ကိုမြင့်တို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ငြိမ်းအောင် အား နတ်မောက်မြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၁၂ ဘီးမော်တော်ယာဉ်နှင့် သုံးဘီးဆိုင်ကယ်တို့ တိုက်မိ၍ တစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။