၂၀၂၅ ခုနှစ်၊ မေ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသာထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တောင်ရပ်ကွက်၊ အတုလမာန်အောင်ဘုန်းကြီးကျောင်း၌ စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ကြေးလျှောက်ထားနိုင်ရေး ကိစ္စရပ်များ၊ လမ်းမကြီးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ သစ်တောဥပဒေနှင့် လယ်ယာမြေဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ စွန့်ပစ်အမှိုက်များနှင့် စိုက်ပျိုးသီးနှံများမှ ထွက်ရှိသောအမှိုက်များ မီးမရှို့ရန်ကိစ္စရပ်များ၊ မဲပေးခွင့်ကိစ္စနှင့် စက်ခလုတ်နှိပ် မဲပေးခြင်းအကြောင်းကိစ္စရပ်များ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ပိုလီယို ရောဂါ၊ ဝက်သက်ရောဂါကာကွယ်ရေးအကြောင်းကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းကိစ္စရပ်များ၊ ကျောင်းအပ်နှံရေးနှင့် အောင်စာရင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များ၊ မွေးမြူရေးနှင့် ခွေးရူးပြန်ရောဂါအကြောင်းကိစ္စရပ်များနှင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ အတုလမာန်အောင် ဘုန်းကြီးကျောင်း၌ စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။