Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၌ ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 ၂၀၂၅ ခုနှစ်၊ မေ ၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မြင်းဒိုက်-ကလောသွားကားလမ်း၌ သန့်ဇင်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်ဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၂၀) သိမ်းဆည်းရမိခဲ့သဖြင့် သန့်ဇင်ဦး(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။