၂၀၂၅ ခုနှစ်၊ မေ ၆ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ ရပ်စောက်-ညောင်ရွှေသွားကားလမ်း၌ ဦးစိတ္တ(ခ)ကိုစိုင်း မောင်းနှင်ပြီး မအေးဖောင် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်ဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၁၀၀) သိမ်းဆည်းရမိခဲ့သဖြင့် ဦးစိတ္တ(ခ)ကိုစိုင်း(၄၁)နှစ်နှင့် ဒေါ်အေးဖောင် (၃၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။