၂၀၂၅ ခုနှစ်၊ မေ ၈ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် မြို့ပတ်လမ်းပေါ်တွင် ဆန်ဆိုင်း(က)ရပ်ကွက်နေ ချစ်ဦး(၁၈)နှစ်အား အရိုး/အသွား ၁၈ လက်မခန့်ရှိ အနက်ရောင်ကော်ရိုးတပ် ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်လျက် လည်းကောင်း၊ ပြည့်ဖြိုးအောင်(၁၈)နှစ်အား အရိုး/အသွား ၁၉ လက်မခန့်ရှိ အဝါရောင်ကော်ရိုးတပ် ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်လျက်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ချစ်ဦးနှင့် ပြည့်ဖြိုးအောင်တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်း(ပ)၉၃/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။