၂၀၂၅ ခုနှစ်၊ မေ ၉ ရက် မွန်းလွဲ ၃ နာရီ ၄၉ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ ရေထွက်ကျေးရွာအနီး မန္တလေးတူးမြောင်းအတွင်း အမျိုးသား တစ်ဦးသည် အရက်သေစာ သောက်စားပြီး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီး မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၈ မိနစ်တွင် အမျိုးသား တစ်ဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။