၂၀၂၅ ခုနှစ်၊ မေ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးကျော် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများဖြင့် အမှတ်(၃)(က)ရပ်ကွက်နေ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ များအကြောင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့ စစ်မှုထမ်းဆိုင်ရာဥပဒေများအကြောင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။