၂၀၂၅ ခုနှစ်၊ မေ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ တရားမဝင်ဈေးနှုန်းဖြင့် အမြတ်တင်ရောင်းချသောဆိုင်များ မရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နုသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်း၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများ မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး၊ မြို့နယ်မြေပြင်ကွင်းဆင်းကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား တရားမဝင်ဈေးနှုန်းဖြင့် အမြတ်တင် ရောင်းချသောဆိုင်များ မရှိစေရေး ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။