၂၀၂၅ ခုနှစ်၊ မေ ၈ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ တရားမဝင် သစ်ခွဲစက်လုပ်ကိုင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၈ ရက် မွန်းလွဲ ၂ နာရီတွင် လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လယ်ဝေး မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အမှတ်(၅)ရပ်ကွက်၊ လယ်ကွင်းစပ်အနီးနေ ဦးမောင်ဇော်(ခ)ဦးစံပျော်၏ ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ တရားမဝင် ကျွန်းသစ်လုံး ၂ လုံး (၀.၁၅၆၀ တန်)၊ ကျွန်းခွဲသား ၃၅၇ ချောင်း (၂.၂၁၀၀ တန်)၊ ကျွန်းပါကေး ၉၆၂၆ ချောင်း (၀.၉၇၁၀ တန်)၊ စုစုပေါင်းကာလတန်ဖိုး ၂,၈၇၁,၈၂၀ ကျပ်ခန့်၊ ပိတောက်ခွဲသား ၂၉ ချောင်း (၀.၂၆၁၂ တန်)၊ ကာလတန်ဖိုး ၂၂၉,၈၅၆ ကျပ်ခန့်၊ သင်းဝင်ခွဲသား ၇ ချောင်း (၀.၅၈၇၆ တန်) ကာလတန်ဖိုး ၁၄၁,၀၂၄ ကျပ်ခန့်၊ နဘဲခွဲသား ၁၆၃ ချောင်း (၂.၉၁၅၈ တန်) ကာလတန်ဖိုး ၃၉၆၅၄၉ ကျပ်ခန့်၊ စုစုပေါင်းကာလတန်ဖိုး ၃,၆၃၉,၂၄၉ ကျပ်ခန့်၊ 10 HP Motor တစ်လုံး၊ 1.5 HP Motor ၁၂ လက်မ လွှဝိုင်းပါ ရွေဘော်စက် တစ်လုံး၊ သံဖရိန်လျှာထိုးစက် တစ်လုံး၊ 5 HP Motor တပ်ဆင်ထားသော ၈ လက်မ လွှဝိုင်းစက် တစ်လုံး တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်ဇော်(ခ)စံပျော်(၄၉)နှစ်အား လယ်ဝေးမြို့မရဲစခန်း (ပ)၈၁/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ ၄၁(က)/ ၄၂(က)/ ၄၂(ခ)/ ၄၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ တရားမဝင်သစ်ခွဲစက်လုပ်ကိုင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။