Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ကလေးငယ် တစ်ဦး သေဆုံး

        ၂၀၂၅ ခုနှစ်၊ မေ ၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဇိုင်းမြောက် ရပ်ကွက်၊ အင်ကြင်းလမ်းထိပ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၂)နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပဲခူး)မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ရွှေဟင်္သာရုပ်ရှင်ရုံမှ ထန်းတောကြီးလမ်းမတန်းသို့ ဇိုင်းမြောက်ရပ်ကွက်နေ အောင်မိုးလွင် (၃၅)နှစ် မောင်းနှင်လာသည့် NPW-3/2G-XXXX SKAT ခြောက်ဘီး အပြာရောင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူရှေ့မှ တစ်ရပ်ကွက်တည်းနေ မောင်နန္ဒ(၁၃)နှစ် စီးနင်းပြီး နောက်တွင် မောင်ခန့်မင်းကိုကို(၅)နှစ် လိုက်ပါလာသည့် စက်ဘီးအား ပွတ်တိုက်မိ၍ မောင်ခန့်မင်းကိုကိုတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် အောင်မိုးလွင် အား ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေ ရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ကလေးငယ် တစ်ဦးသေဆုံးမှု မှတ်တမ်းဓာတ်ပုံ။