လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အချို့တွင် သာသနာ့အနွယ်ဝင် သံဃာတော်များအား ပြည်သူလူထုအတွင်း အကြောက် တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူ များအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ကွယ်ကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဇာတ(၅၆)နှစ်၊ ဝါတော် (၃၅)ဝါသည် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ရှိနေစဉ် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဝင်းက ကျေးရွာအနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဘဒ္ဒန္တသုဇာတတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးအား လုပ်ကြံသတ်ဖြတ်မှု မှတ်တမ်းဓာတ်ပုံ။