၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၂၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ တမာကုန်းကျေးရွာအုပ်စု၊ တမာကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ “လင်းမြတ်ဟိန်း” ဆံပင်ရောင်းဝယ်ရေးလုပ်ငန်း၏ အလုပ်သမားတန်းလျားပိုင်ရှင် ဦးမောင်မောင်ထွန်း၏ ၁၀ x ၁၀ ပေ၊ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ မြေစိုက်အလုပ်သမားတန်းလျားတွင် ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၇ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၁၀ ပေ၊ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ မြေစိုက် အလုပ်သမားတန်းလျား စုစုပေါင်း ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အလုပ်သမားတန်းလျားပိုင်ရှင် ဦးမောင်မောင်ထွန်းအား ပျော်ဘွယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။