ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ်ဦ၊ မေ ၉ ရက်က ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား နှစ်ဦး သေဆုံးပြီး အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပင်လုံလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ပင်လုံလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅၆)ရပ်ကွက်နေ အောင်ထွန်း(၄၄)နှစ် မောင်းနှင်လာသော YGN-10 4H-XXXX TOYOTA SUCCEED မော်တော်ယာဉ်သည် ပင်လုံလမ်းမကြီးနှင့် ဗိုလ်စွန်ပက်လမ်းဆုံအရောက်၌ အရှေ့ဘက်မှ အနောက်ဘက်သို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ စိုးသီဟဇော် (၂၃)နှစ် မောင်းနှင်လာသည့် BGO-26 4P-XXXX MITSUBISHI CANTER ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိကာ လမ်းဘေးတွင် ဈေးရောင်းနေသူများဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၉)ရပ်ကွက်နေ ဦးကျော်သူ(၄၁)နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိုးချဲ့(၁)ရပ်ကွက်နေ ဦးသောင်းကြည် (၅၀)နှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၄၁)ရပ်ကွက်နေ ဦးဝေယံထက် (၃၁)နှစ်တို့အား ထပ်မံတိုက်မိခဲ့သဖြင့် ဦးသောင်းကြည်နှင့် ဦးဝေယံထက်တို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးကျော်သူ၊ အောင်ထွန်းနှင့် TOYOTA SUCCEED မော်တော်ယာဉ်ပေါ်ပါ ဦးသက်နိုင်ဝင်း (၄၈)နှစ် တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် အောင်ထွန်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းယာဉ်(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။