Language: Myanmar English

ဘားအံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးသေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဒဏ်ရာရ

     ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၀ ရက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးသေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်က ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာအနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အာရှလမ်းမကြီးအတိုင်း ဘားအံမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ ဦးဇော်လွင်မောင်းနှင်လာသည့် BGO-11 2P-XXXX HIACE ခဲရောင်မော်တော်ယာဉ်သည် အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၈၇ နှင့် ၈၈ ကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဝဲဘက်သို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ဦးဇော်လွင်နှင့် ယာဉ်ပေါ်ပါ ခရီးသည်များဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ခလွန် ကျေးရွာနေ ဦးမျိုးလွင် (၄၇)နှစ်၊ ကင်းမွန်းချောင်းကျေးရွာနေ မစုမွန်ကျော်(၂၂)နှစ်၊ ကျိုက်ကသာ ကျေးရွာနေ မဇာခြည်ဦး (၃၃)နှစ်၊ မောင်အောင်ထက်မြတ် (၁၇)နှစ်တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ဘားအံပြည်သူ့ဆေးရုံးကြီးသို့ပို့ဆောင်စဉ် ဦးဇော်လွင်နှင့် ဦးမျိုးလွင်တို့ ၂ ဦးမှာ အခင်းဖြစ်စဉ်က ရရှိခဲ့သည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် ဦးဇော်လွင်အား အိန္ဒုနယ်မြေရဲစခန်းယာဉ်(ပ)၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဘားအံမြို့နယ်၊ အာရှလမ်းမကြီး၌ တိမ်းမှောက်မှုဖြစ်ပွာသည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။