၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက် မွန်းလွဲ ၃ နာရီ ၂၇မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၈)လမ်း၌ ပိုင်ရှင် ဦးမြင့်ဇော်ဦး၏ ၁၀၀ x ၈၀ ပေ၊ ခြံဝင်း အတွင်း MDY-14/1K-XXXX NISSAN DIESEL ၁၀ ဘီး ဆီသယ်မော်တော်ယာဉ်မှ 95 ဆီကျန်များအား ပလတ်စတစ်ကော်ပုံးသို့ ဆီဖောက်ထည့်ရာ တည်ငြိမ်သဘာဝလျှပ်စစ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်မီးသတ်စခန်းနှင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် MDY-14/1K-XXXX NISSAN DIESEL ၁၀ ဘီး မော်တော်ယာဉ်၏ ဘောက်ဆာအလုံး၊ MDY-16/6F-XXXX HONDA FIT မော်တော်ယာဉ်၏ ကားနောက်ဘယ်ခြမ်း မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း မင်းဇော်ဝင်း အား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။